Sunday, July 5, 2009

သမီးလေး တစ်လပြည့် (ဗီဒီယို)

သမီးလေး ဘ၀ရဲ့ ပထမဦးဆုံး ဗီဒီယိုခွေ လေးပေါ့။ သမီးလေး မွေးပြီးသုံးရက်အကြာ ဆေးရုံကဆင်းခါနီးမှာ အသားဝါလို့ နောက်ထပ် သုံးရက် ဆေးရုံမှာ ထပ်နေပြီး မီးကင် (Phototherapy) ရတယ်။ ဆေးရုံက ဆင်းပြီး အိမ်ပြန်ရောက်တဲ့ ဒုတိယနေ့မှာပဲ မနက်စောစော နေထွက် ချိန်မှာ ဖွားဖွား တိုက်တွန်းလို့ ဖေဖေနေ ထုတ်လှမ်း တယ်။ သိပ်တော့ မထိရောက်တာ ဖေဖေသိပေမယ့်။ မရတာထက်စာရင် နည်းနည်းရရင် သမီးလေးအတွက် အကျိုးရှိမှာပဲ လို့ ဖေဖေဆုံးဖြတ်ပြီး ၁၀ မိနစ်ကျော်လောက် ဖေဖေနေထုတ်လှမ်းခဲ့တယ်။ နောက်တော့ အခုဒီ ဗီဒီယိုလေးကို ရိုက်ထားဖြစ်တယ်။ သမီးပြန်ကြည့်ပေါ့ ဟုတ်ဘူးလား။ နောက်တော့ သမီးလေးဆေးရုံမှာ (Phototherapy) လုပ်တုန်းက ဓာတ်ပုံလေးတွေ တင်ပေးမယ်နော်။

0 comments:

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP