Sunday, July 12, 2009

ဖွားဖွားရဲ့ အပြုံး


သမီးလေးက အိပ်လို့ ဖွားဖွားကတော့ ပြုံးလို့ ဒီဓာတ်ပုံလေးကို ၂၅.၆.၂၀၀၉ (ည ၇နာ၇ီ ၅၆ မိနစ်) မှာ ဖေဖေရိုက်ထားတာပါ။

Read more...

Wednesday, July 8, 2009

သမီးလေး နဲ့ ဒေါ်ဒေါ်



အပေါ်က ဓာတ်ပုံမှာ သမီးလေးကို ပွေ့ချီထားတာ သမီးရဲ့ ဒေါ်ဒေါ်ပေါ့။ အလုပ်ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း အလုပ်က ပြန်လာရင် သမီးလေးကို လာချီတာပဲ။ သမီးဒေါ်ဒေါ်က သမီးကို သိပ်ချစ်တာ။ ဆွဲခြင်းလေးနဲ့ လက်ဆောင် ပစ္စည်းလေးတွေက သမီးမမွေးခင် ကတည်းက လာပေးထားတာလေ။ အဲဒီအချိန် ဖေဖေတို့ တောင် သမီးအတွက် ဘာပစ္စည်း မှ မ၀ယ်ဖြစ်သေးဘူး။

Read more...

အိပ်ယာထက်မှ ချစ်စရာ သမီးလေး



သမီးရေ ဖေဖေ ဒီဓာတ်ပုံ ၂ ပုံကို (၇.၇.၀၉) နေ့လည် ၁၂း၄၅ မိနစ်တုံးက ရိုက်ထားတာ ၁ လနဲ့ ၃ ရက်မြောက် ချစ်သမီးလေးပေါ့။

Read more...

Sunday, July 5, 2009

သမီးလေး တစ်လပြည့် (ဗီဒီယို)

သမီးလေး ဘ၀ရဲ့ ပထမဦးဆုံး ဗီဒီယိုခွေ လေးပေါ့။ သမီးလေး မွေးပြီးသုံးရက်အကြာ ဆေးရုံကဆင်းခါနီးမှာ အသားဝါလို့ နောက်ထပ် သုံးရက် ဆေးရုံမှာ ထပ်နေပြီး မီးကင် (Phototherapy) ရတယ်။ ဆေးရုံက ဆင်းပြီး အိမ်ပြန်ရောက်တဲ့ ဒုတိယနေ့မှာပဲ မနက်စောစော နေထွက် ချိန်မှာ ဖွားဖွား တိုက်တွန်းလို့ ဖေဖေနေ ထုတ်လှမ်း တယ်။ သိပ်တော့ မထိရောက်တာ ဖေဖေသိပေမယ့်။ မရတာထက်စာရင် နည်းနည်းရရင် သမီးလေးအတွက် အကျိုးရှိမှာပဲ လို့ ဖေဖေဆုံးဖြတ်ပြီး ၁၀ မိနစ်ကျော်လောက် ဖေဖေနေထုတ်လှမ်းခဲ့တယ်။ နောက်တော့ အခုဒီ ဗီဒီယိုလေးကို ရိုက်ထားဖြစ်တယ်။ သမီးပြန်ကြည့်ပေါ့ ဟုတ်ဘူးလား။ နောက်တော့ သမီးလေးဆေးရုံမှာ (Phototherapy) လုပ်တုန်းက ဓာတ်ပုံလေးတွေ တင်ပေးမယ်နော်။

Read more...

သမီးလေး တစ်လပြည့်

သမီးလေးတစ်လပြည့် အထိမ်းအမှတ် နဲ့ ဖေဖေ သမီးလူ့လောကထဲကို စရောက်ရောက်ခြင်း ပထမဦးဆုံး ဖေဖေရိုက်ထားတဲ့ ဓာတ်ပုံ တင်ပေးမယ်လုပ်နေရင်းက အခု (၅ရက်နေ့) မနက် ၂နာရီ ၃၃ မိနစ်မှာမှ တင်ဖြစ် တယ်။သမီးလေးကို ဇွန်လ ၄ ရက်နေ့ ည ၇ နာ၇ီ ခွဲမှာ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကောပါ ဆေးရုံကြီးမှာ မွေးဖွါးခဲ့ပါတယ်။ အောက်က ပုံအမဲ နဲ့ ပုံအစိမ်းလေးက သမီးလေး သားဖွားခန်းက ထွက်လာပြီး မီးပြတဲ့ အခန်းမှာပေါ့။

သားဖွါးခန်းထဲက ထွက်လာတဲ့မေမေနဲ့ သမီးလေးတို့ ပထမဦးဆုံးပြန်ဆုံတွေ့စဉ်က အမှတ်တရ

Read more...

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP